ဘုရားသခင်၏နှုတ်ကပတ်တော်

About Course
နှုတ်ကပတ်တော်ကို မိတ်ဆက်ခြင်း၊ ဘုရားသခင်၏ဖွင့်ပြချက်များဆိုသည်မှာအဘယ်နည်း။ မည်သို့ရရှိနိုင်မည်နည်း။ နှုတ်ကပတ်တော်လေ့လာခြင်းအားဖြင့်မည်သည့်အကျိုးကျေးဇူးများရရှိနိုင်မည်နည်း။ နေ့စဉ်အသက်တာအတွက်မည်သို့လိုက်လျှောက်ရမည်နည်း။ ကမ္ဘာပေါ်မှာ စာအုပ်သန်းပေါင်း များစွာ ရှိကြ တဲ့အနက် ဘုရားသခင်မှုတ်သွင်းတော်မူသော သမ္မာကျမ်းစာအုပ်သည် တစ်ခြားစာအုပ်နှင့်မတူပဲ ခေတ်အဆက်ဆက်အသက် ရှင်လျက် လက်စွဲ အသုံးပြုကြသည်။ သန်းပေါင်းများစွာသော စာအုပ်သည် ခေတ်နှင့်လိုက်လျောညီထွေမှုမရှိခြင်းကြောင့် ခေတ်နောက်ကျကျန်ရစ်ခဲ့ကြသည်။
ဒါ၀င်ရေးသားသောစာအုပ်သည် တစ်ချိန်တစ်ခါတုန်းက သမ္မာကျမ်းစာကိုဖီဆန်လျက် လူသားတစ်ချို့လက်ခံကျင့်သုံးကြသော်လည်း ယနေ့ထိုစာအုပ် ခေတ်မမှီတော့ပေ။ လူတွေလက် မခံနိုင်ပေ။ သို့သော် သမ္မာကျမ်းစာသည် ထိုကဲ့သို့မဟုတ်။ မနေ့၊ ယနေ့၊ နောင်ကာလ မပြောင်းလဲသော နှုတ်ကပတ်တော်ဖြစ်ကြောင်း ယနေ့သက်သေပြလျက်ရှိသည်။ သမ္မာကျမ်းစာအုပ်သည် စာအုပ်သန်းပေါင်းများစွာထဲက အရောင်းရဆုံးနှင့် အုပ်ရေအများဆုံး စာအုပ်တစ်အုပ်လဲဖြစ်ပေသည်။
စိတ်ဝင်စားစရာအကောင်းဆုံးကတော့ ဒီသမ္မာကျမ်းစာရေးသားသော ပုဂ္ဂိုလ်တစ်ဦးမှ မတူကြသည့်အပြင် ရေးသည့်အချိန်လဲ မတူညီကြသော်လည်း အကြောင်းအရာ တစ်ခုကို အခြေခံက တစ်ညီတစ်ညွတ်တည်းရေးကြခြင်းဖြစ်သည်။ ထိုထက်ထူးဆန်းသည်မှာ ဒီသမ္မာကျမ်းစာတွင် ထာဝရအသက်ရှင်ခြင်း၊ ကျမ်းမာခြင်းနှင့် ကောင်းကြီးအဖြာဖြာပါ၀င်နေခြင်းပင်ဖြစ်သည်။ထိုသို့ ဆိုသော် ဒီသမ္မာကျမ်းစာကို ဘယ်သူရေးသလဲ၊ ဘယ်အချိန်တွေမှာရေးကြသလဲ၊ ဒီသမ္မာကျမ်းစာက ယုံကြည်သူအသက်တာကို မည်သို့သော ၊အသက်တာအတွက်ခိုင်ခံ့သော အုတ်မြစ် ဖြစ်ကြောင်း ဒီသင်ခန်းစာတွင် သင်ရမည်ဖြစ်သည်။
ထို့အပြင်ကျမ်းစာသည် ဝိညာဉ်ရေးရာအသက်တာအတွက်အစာအဟာရ ဖြစ်သည်။ နေ့စဉ်အသက်တာအတွက်လိုက်လျှောက်ရန်နည်းလမ်းဖြစ်သည်။ နှုတ်ကပတ်တော်လေ့လာခြင်း အားဖြင့်ရရှိမည့် အကျိုးကျေးဇူးများ နှုတ်ကပတ်တော်၏ ပုံဆောင်ချက်များအကြောင်း၊ Rhema နှင့် Logos ၏ ခြားနားချက်ကို သင်ယူခြင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဖတ် ရှုခြင်းအားဖြင့်၊ ဖွင်ပြချက်များ ကို ရရှိနိုင်ခြင်း စသည်များကို သင်ကြားရမည်ဖြစ်သည်။
Course Content
Video Lessons
SESSION 01 | 16 AUGUST 2022
00:00SESSION 02 | 17 AUGUST 2022
00:00SESSION 03 | 18 AUGUST 2022
00:00SESSION 04 | 19 AUGUST 2022
00:00